ပျောက်ဆုံးခြင်း
ဒီရက်တွေမှာ
လောကကြီးက ပိုပြီးမည်းမှောင်
ကမ္ဘာကြီးက ပိုပြီးရှုပ်ထွေးလာသလိုပဲ
အဖြေကိုရှာဖို့ကြိုးစားတယ်
ရလာတဲ့ ရလာဒ်က အချည်းနှီးတဲ့
ဘယ်လိုလုပ်မလဲ
ကူပါ ကယ်ပါ တစာစာနဲ့အော်တယ်
အလကားပါ
နံရံတွေမှာ နားရှိတယ်ဆိုတာ လိမ်ပြောတာပဲနေမှာ
ဘုရားဟောခဲ့တယ်
မိမိကိုယ်သာ ကိုးကွယ်ရာတဲ့
ဘုရားမဲ့နေတဲ့ငါ ဘယ်သူ့ကို ကိုးကွယ်နေသလဲ
သေချာတာက ငါဟာ ငါကိုးကွယ်ရလောက်အောင် မထိုက်တန်သေးဘူးဆိုတာပဲ
အေးစက်နေတဲ့ ငါ့လက်ချောင်းတွေကို ငါပြန်ကြည့်မိတယ်
အရင်ကပိုင်ဆိုင်ခဲ့တဲ့ တက်ကြွမှု မျော်လင့်ချက် ယုံကြည်မှုတွေ ပြန်တွေ့မလားရယ်လို့
ငါရှေ့မှာ ဖြတ်စီးသွားတာက
ခမ်းခြောက်နေတဲ့ မြစ်တစ်စင်းသာ
သူ့ထက်ပိုနီးတဲ့ နေရာတခုကိုကြည့်လိုက်တော့ စကားလုံးတွေသိမ်းဆည်းရင်း အသံမဲ့ငိုကြွေးနေတဲ့ ရင်ဘတ်တခု………………..
ရေးသားချိန်…………….
This entry was posted on Thursday, December 17th, 2009 at 3:14 pm and is filed under my poetry. You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.
BlackMutant Says:
နံရံတွေမှာ နားရှိရင်တောင်.. ပါးစပ်မရှိတဲ့အတွက်.. နုတ်၏စောင်မခြင်းကို မမျော်လင့်ထားသင့်ဘူး သူငယ်ချင်း..
ဘုရားက သူ့ကိုယ်သူကိုးကွယ်လောက်အောင် မြင့်မြတ်တဲ့အတွက် လွတ်မြောက်သွားတယ်
ငါတို့က ကိုယ့်အတ္တကိုယ် ကိုးကွယ်တဲ့အတွက် သံသရာရှည်ဆဲပဲလေ…
azzurri Says:
ကဗျာရေးတဲ့သူ ရော comment ပေးတဲ့ BlackMutant ရော နှစ်ယောက်လုံးရဲ့ အတွေးတေ အရေး တေ ကို ကြိုက် တယ်ဗျာ ….